လဲချားမြို့နယ် အ-မ-က (ဟိုဖိုင်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

လဲချား ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင်  ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀)နာရီချိန်က  အ-မ-က (ဟိုဖိုင်)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ကိုထိုးနှံပေးခဲ့သည်။

ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာဇင်မောင်နွယ်နှင့် ဝန်ထမ်းများက  အ-မ-က(ဟိုဖိုင်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster  Doseကိုထိုးနှံပေးရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး Booster Doseကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း  သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)