"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ

ဟိုပန် ဇန်နဝါရီ ၁၂

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းတိကျ မှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက ဦးဆောင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များက  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိသည်။

ထိုသို့ တစ်အိမ်တက်ဆင်း စာရင်းတိုက်ဆိုင်စစ်ဆေး ​ကောက်ယူလျက်ရှိရာတွင် ဟိုပန်ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်တို့က အနီးကပ်ကြီးကြပ်၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) က အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်နှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို ဝိုင်းဝန်းပူးပေါင်း ကွင်းဆင်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ​ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများကို (Working Group) မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ (၃၀)ဖွဲ့ခွဲ၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ရပ်ကွက်(၁၀)ခု၊ ပန်လုံမြို့တွင် ရပ်ကွက်(၈)ခု စုစုပေါင်းရပ်ကွက်(၁၈)ခုနှင့် ကျေးရွာအုပ်စု(၁၇)အုပ်စုရှိကာ ကောက်ယူရမည့် အိမ်ထောင်စုပေါင်းမှာ(၇၅၅၀)စုရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုပန်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)