ခရမ်းချဉ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်ဈေး ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများအဆင်ပြေ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်ဈေး ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားပြီး စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့်ပိုးမွှားနှိမ်နင်းဆေး များ အသုံးပြုရကြောင်း ရှားပင်ကျေးရွာမှ ပံတံဆိပ်ခရမ်းချဉ်မျိုး စိုက်ပျိုးထားသည့် တောင်သူ ဦးကိုကိုခိုင်က ပြောပြသည်။