လဲချား ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ နှင့်ကွင်းဆင်းကောက်ယူရေးအဖွဲ့တို့မှ လဲချားမြို့နယ် မြို့မကျေးရွာ အုပ်စု(ဖွေးဟိုင်း)ကျေးရွာတွင် လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း (၅) မျိုးစာရင်းများအား ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ အဖွဲ့များခွဲ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)