Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်နှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၀န်းအတွင်း ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအားပေး
Jan 14,2023
မွန်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများပါမကျန် သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်နေပြည်သူများက စုပေါင်းပါဝင်သည့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွင်အတွင်းသန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ကြစေရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 14,2023
မိုးကုတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/သူများ ကာယ၊ ညာဏ၊ စာရိတ္တစသည့် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ရှေးဦးစွာ အ.ထ.က(၁)ကျောင်းသား/သူများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင်၊ မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်း၊ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေး
Jan 14,2023
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနား တက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ဇန်နဝါရီလ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိူ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ နေ့လည် (၁၂)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းကွင်းဆင်းကောက်ယူနေမှုများနှင့် စစ်ကြောင်းကြီးငါးကြောင်းလှုပ်ရှားဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး
Jan 14,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူနေမှုအခြေအနေများနှင့် စစ်ကြောင်းကြီးငါးကြောင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဘောလီဘောပြိုင်ပွဲကျင်းပ
Jan 14,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘောလီဘောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ တန်းမြင့်ကျောင်း(ပန်းခြံကျောင်း) နှင့် အထက(၁) ကျောင်းသား/သူ ဟောင်းများ၏ (၅၆)ကြိမ်မြောက် “ မြရတု” မြတ်ဆရာပူဇော်ပွဲကျင်းပ
Jan 14,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ တန်းမြင့်ကျောင်း(ပန်းခြံကျောင်း)နှင့် အထက(၁) ကျောင်းသား/ သူ ဟောင်းများ၏ (၅၆)ကြိမ်မြောက် “ မြရတု” မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က အထက(၁)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသား/ သူဟောင်းများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ အထက(၁)ကျောင်း၏ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 14,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14848
Page
14849
Page
14850
Page
14851
Current page
14852
Page
14853
Page
14854
Page
14855
Page
14856
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department