ချောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူနေမှုအခြေအနေများနှင့် စစ်ကြောင်းကြီးငါးကြောင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ (ခေတ္တ) ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး တင်ထွန်းဦးနှင့်တာဝန်ရှိသူများသည် သံဘိုကျေးရွာအုပ်စု ကျောက်တိုင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျောက်တိုင်ကျေးရွာ၊ စမ်းရိုးကျေးရွာ၊ ခပေါင်းစမ်းကျေးရွာ၊ တွင်းဖြူရိုးကျေးရွာ ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုနောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျောက်တိုင်ကျေးရွာ၊ကန်ရေလေးကျေးရွာ၊ ကန်ရေကြီးကျေးရွာတို့တွင် မြေပြင်တစ်အိမ် တက်ဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ ဆက်)