မော်လမြိုင်မြို့၊ ​ဇေယျာမြိုင်ရပ်ကွက်နှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၀န်းအတွင်း ပြည်သူ့အကျိုးပြုစု​ပေါင်းသန့်ရှင်းရေး​ဆောင်ရွက်မှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအား​ပေး

မော်လမြိုင်   ဇန်နဝါရီ   ၁၄

မွန်ပြည်နယ်အတွင်း မြို့​ပေါ်ရပ်ကွက်​များသာမက ကျေးရွာများပါမကျန် သန့်ရှင်းသာယာလှပစေ​ရေး အ​လေးထား​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၄ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်​နေပြည်သူများက ​စု​ပေါင်းပါဝင်သည့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း​​ရေး​ဆောင်ရွက်​နေမှုကို ကြည့်ရှုအား​ပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွင်အတွင်းသန့်ရှင်းသာယာလှပ​စေ​ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်​ကြစေ​ရေး ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်​ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့​ ရောက်ရှိခဲ့ကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ​ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်းများ ဥပတိရုပ်​ကောင်းမွန်စေ​ရေးနှင့် ကျောင်းပုရဝုဏ်သန့်ရှင်း​စေ​ရေးတို့ကို အ​လေးထား​ဆောင်ရွက်​ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ​ကျောင်းပတ်ဝန်းကျင် သန့်ရှင်း​သာယာလှ​စေ​ရေးနှင့် ​စိမ်းလမ်းစို​ပြေ​စေ​ရေးအတွက် ကျောင်း၀န်းအတွင်း၊ အပြင်ခြုံနွယ်မြက်​ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များအား ရှင်းလင်း​ခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတို့ကို ကြည့်ရှုအား​ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ​ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေးကို အများပြည်သူများ တစ်တက်တစ်အားပါဝင်၍ အပတ်စဉ်ပုံမှန် ​ဆောင်ရွက်လျက်ပြီး စာသင်ကျောင်းများတွင်လည်း ​ကျောင်းသန့်ရှင်း​သာယာလှပ​စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုအဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းကူညီ ​ဆောင်ရွက်​လျက်ရှိ​ကြောင်း သိရှိရသည်။

စည်သူ ခရိုင်(ပြန်/ဆက်)