မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကုတ်   ဇန်နဝါရီ  ၁၄

မိုးကုတ်မြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/သူများ ကာယ၊ ညာဏ၊ စာရိတ္တစသည့် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ရှေးဦးစွာ အ.ထ.က(၁)ကျောင်းသား/သူများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် မိုးကုတ်မြို့နယ် ပညာရေးမှူးဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့်  မြို့နယ်ပညာရေးမှူးဒေါ်မူမူဆွေမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့်ပညာရည်ထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများ၊ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းအဆင့်နှင့် မြို့နယ်အဆင့်၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ တိုင်းအဆင့်နှင့် မြို့နယ်အဆင့်၌ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မိုးကုတ်မြို့နယ်ရှိ အခြေခံပညာကျောက်းများမှ ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ကျောင်းသာမိဘ/အုပ်ထိန်းသူများက ကြည့်ရှုအားပေးကြပြီး ဆုတော်ငွေများချီးမြှင့်ပေးကာ အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (မြို့နယ်၊ ပြန်/ဆက်)