မန်တုံမြို့နယ် မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ်ကျင်းပနိုင်ရေး ကျောင်းသားမိဘများနှင့် အစည်းအဝေးပွဲပြုလုပ်

မန်တုံ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က ကလေးများနေ့အထိမ်းအမှတ် ကျင်းပနိုင်ရန်တွက် ကျောင်းသားမိဘများနှင့် အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်မာဦးက လူမှုဝန်ထမ်းဦးစီးဌာနမှ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခနှင့်ကြုံတွေ့နေရသူများအား ကူညီစောင့်ရှောက်သည့်လုပ်ငန်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်သည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းရပ်များအားဦးစွာရှင်းလင်းပြောကြားပြီး မူလတန်းကြိုကျောင်းရှိ အလေးများအတွက် လက်ရှိဆောင်ရွက်ပေးထားမှုအခြေအနေများ၊ လာမည့်ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့်ကလေးများနေ့၌ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများဆောင်ရွက်ထားမှုအခြေအနေများ၊ ကလေးများအား အာဟာရ ကျွေးမွေးရေးအစီအစဉ်များအား အသေးစိတ်ရှင်းလင်းဆွေနွေးခဲ့ရာ တက်ရောက်လာသော ကလေးမိဘများမှ အကြံဉာဏ်များက အပြန်အလှန်ဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ (၁၂) နာရီခွဲတွင် ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)