ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁နာရီချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ဦးဆောင်လျက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ငြိမ်းချမ်းချစ်ကြည်လက်တွဲညီ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ အလှဝေခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ကျောင်းသား၊ ကျောင်းသူလေးများအား ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)