မယ်စဲ့ ဖေဖော်ဝါရီ ၆
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ခရိုင်အဆင့်အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေနံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြတ်စိုးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အကောင်ထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းလတ်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မြို့နယ်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စေရေးအတွက် ကော်မတီများဖွဲ့စည်း၍ ကဏ္ဍအလိုက် တာဝန်ပေးအပ်ထားပြီး လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး အားလုံးပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)