နမ့်ဆန် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံထင်းမီးပူဇော်ပွဲကို ဇယန်းကြီးကျေးရွာအုပ်စု နမ့်ခေးကျေးရွာတွင် တပို့တွဲလပြည့်ညမတိုင်မီ ဖေဖော်ဝါရီလ ၄ ရက်နေ့ည ၉ နာရီအချိန်တွင် စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တပို့တွဲလတွင် အအေးဓာတ်လွန်ကဲမှုကြောင့် အေးချမ်းလှတဲ့ရာသီမှာ မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှားအဖြစ်နှင့် အအေးဓာတ်သက်သာစေရန် ရည်ရွယ်အာရုံပြုကာ အနွေးဓာတ်နှင့် ပူဇော်ကုသိုလ်ယူခြင်းဖြစ်ကြောင်း၊ ကျေးရွာရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကျေးရွာသူ/ကျေးရွာသားများက သီလဆောက်တည်ခြင်းများ ဆောင်ရွက်ပြီး စေတီပုံတည်ထားသော ထင်းဖြူစေတီအား သံဃာတော်များမှ မီးပူဇော်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီပုံထင်းမီးပူဇော်ပွဲကို ရိုးရာဓလေ့အနေဖြင့် နှစ်စဉ်တအာင်းဒေသများတွင် တပို့တွဲလပြည့်နေ့တိုင်း ပူဇော်ကြပြီး ကျေးရွာနေ တအာင်းပြည်သူများမှလည်း ရိုးရာအကများဖြင့်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)