ကျွန်းစု ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက အ-ထ-က-ပန်းဇင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ နှင့် UID ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးပေးအပ်ပွဲကို ကျောင်းခန်းမ၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)