တိုက်ကြီး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ရွှေတိုက်ကြီး ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် Falcon FC အသင်းနှင့် City King FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ City King FC အသင်းက Falcon FC အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိသော City King FC အသင်းအား မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးဖိုးကျော်က ဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် တာဝန်ရှိသူများက ဒုတိယဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုနှင့် ပွဲကြီးကြပ်ရေးဒိုင်များကို ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)