ဘောလခဲ ဇူလိုင် ၁၈
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဘောလခဲမြို့နယ် ဥပဒေရုံး၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးမှူးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
သင်တန်းနည်းပြများက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဥပဒေနှင့်နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းနှင့် စုဝေးခြင်းဥပဒေနှင့် နည်းဥပဒေ၊ မူးယစ်ဆေးဝါး ဥပဒေနှင့်နည်းဥပဒေ၊ လောင်းကစား ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဇူလိုင်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်