နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရာတွင် ကျောင်းသား/ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်၊ ယှဥ်ပြိုင်ကြိုးစားတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ထူးချွန်ထက်မြက်သည့်လူရည်ချွန်ကောင်းများဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲများပြုလုပ်ခြင်းနှင့်ပြိုင်ပွဲ၏စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ Grade-5 ကျောင်းသား/ကျောင်းသူ(၃၅)ဦးတို့က သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း