ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 20,2021
ချင်းပြည်နယ် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ၂၀၂၁-၂၀၂၂ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
Jan 20,2021
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ် ပြင်ဆင်သည့်) နည်းဉပဒေ အသိပညာပေး ရှင်းလင်းပွဲကို ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။
Jan 20,2021
မင်းတပ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မစျေးရှိ စျေးရောင်း/စျေးဝယ် ပြည်သူများအား "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Jan 20,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ ယမန်နေ့ နံနက် ၈ နာရီတွင် ကျန်းမာ‌‌ရေးနှင့် အားကစား ၀န်ကြီးဌာနမှ ချမှတ်ပေးထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 20,2021
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့် အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက ပူတာအိုမြို့ လူစည်ကားရာ ဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 20,2021
မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်အတွင်းရှိ ပြည်ထောင်စု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်း အစည်းအဝေးကို ကန်ပက်လက်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
Jan 20,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် များအား ဥပဒေနှင့်အညီ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 19,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။