Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ခိုင်ကမ်း၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီမှ အလုပ်သမားများအား အသွားအလာ ကန့်သတ်ထားရှိ
Jan 11,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေကျပ်(၁၀)သန်းအထက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Nat Mauk Hlwan Moe ကုမ္ပဏီမှ တင်ဒါအောင် လုပ်ငန်းများ လုပ်ကိုင်ရန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ လာရောက်ကြသည့် အလုပ်သမားခေါင်းဆောင်နှင့် အလုပ်သမား မိသားစုအဖွဲ့ ကလေးငယ်(၂)ဦး၊ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း(၂၀)ဦးတို့အား ယမန်နေ့က ခိုင်ကမ်းမြို့ စည်ပင်ဈေး Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 09,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်း မြို့နယ်သို့ ထွက်ခွာလာသော သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသည့် ကိုကိုးကျွန်း ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အလုပ်သမား စုစုပေါင်း - ၆၁ ဦး တို့အား ကိုကိုးကျွန်း ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားသည့် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများက သောက်သုံးရေလုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိ
Jan 08,2021
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားလာစေရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်မြို့၌ မိသားစုဝင်ငွေ တိုးပွားရေး စိုက်ပျိုးရေး နည်းပညာပေး
Jan 08,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေး နည်းပညာကို စိတ်ပါဝင်စားသည့် ပြည်သူများအား မိသားစုဝင်တိုးပွားစေရန် ရည်ရွယ်၍ အချိန်ရာသီမရွေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့် ကောက်ရိုးမှို သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အင်ဂျန်းယန်မြို့ တပ်ဦးအောင်ဆုပန် ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jan 08,2021
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနက မွေးကင်းစမှ အသက်တစ်နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း ကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး
Jan 08,2021
ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင် သည် တာ၀န်ရှိသူများ လိုက်ပါလျက် ၂၀၂၀-၂၀၂၁ခု နှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတိုးလာ
Jan 07,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ထပ်မံတိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်း ပြုပြင်မွမ်းမံပြီးစီး၍ မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကျင်းပ
Jan 07,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်းအား ပြုပြင်မွမ်းမံပြီးစီး၍ ထိန်းသိမ်း စောင့်ရှောက် ပေးနိုင်ပါရန်အတွက် မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
42
Page
43
Page
44
Page
45
Current page
46
Page
47
Page
48
Page
49
Page
50
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department