မယ်စဲ့ ဇန်နဝါရီ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် များအား ဥပဒေနှင့်အညီ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ်အတွင်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ် များ၊ ဥပဒေ၊ နည်း ဥပဒေဆိုင်ရာတို့ကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီ ၁ ရက်နေ့မှစ၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို သတ်မှတ် ချက်များနှင့်အညီ ရွေးချယ်ခန့်အပ်နိုင်ရေး စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)