ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 19,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက် ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာလ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးကြသည်။
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၌ နှာခေါင်းစည်း(Mask)မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု ဒုတိယအကြိမ် Mask Campaign ကို မိုင်းနောင်မြို့ရှိ ပျံကျစျေးတွင် ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။.
Jan 18,2021
ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်ပေး လျက်ရှိသည်။
Jan 18,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာခြင်းကြောင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လှည့်လည် အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 15,2021
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဝိတိုရိယတောင် (ခေါ်နူးစုမ်) တောင်ခြေ (၁၀) မိုင်စခန်း၌ ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုလုပ်ငန်းကို ဆောင်ရွက်ပြီးစီး ခဲ့ကြကြောင်း သိရပါသည်။
Jan 15,2021
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (နယ်မြေခံဝန်ကြီး ဦးဖွေအားတို့ မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Community Base Tourism(CBT ) လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။