ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 22,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့က ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းကျော်နှင့် တာဝန်ရှိသူတို့က တီးတိန်မြို့၊လေးလုမ်းရပ်ကွက်နှင့် မြို့မရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Jan 22,2021
ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်ရေး ဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါ သင်တန်းကျောင်းအတွင်း၌ ပြုလုပ်သည်။
Jan 22,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ဒေသခံပြည်သူတစ်ချို့က ရာသီပေါ်ချိန် ကောက် ညှင်း ကျည်တောက်ပြုလုပ်ရောင်းချ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 22,2021
ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းခြင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
Jan 22,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၂၂)ဦးတို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Jan 22,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 22,2021
ဖလမ်းမြို့နယ် မီးသတ်စခန်း သန္ဓေတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့၊ တလန်လို ရပ်ကွက်များ၌ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 22,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဖလမ်းမြို့နယ် အတွင်း ကျေးရွာများ၌ ဖလမ်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။