ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 23,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့် အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာရေး များမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အောင်မင်္ဂလာ ကျောင်းတိုက်နှင့် ထေရဝါဒသာသနာပြုကျောင်းရှိ ရဟန်းသံဃာတော်များအား နှာခေါင်းစည်း (Mask)အခုရေ (၂၀၀)စီနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လှူဒါန်းပေးအပ် သည်။
Jan 23,2021
နွေရာသီပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများ မီးဘေး သတိမူစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကွီလိုင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မတူပီမြို့ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 23,2021
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ဟားခါးမြို့၊ ထူးဆန်းသစ်စက်သုံးဆီ အရောင်းဆိုင်နှင့် လမ်းအထူး(၁၀)ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Jan 22,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ခြောက်သွေ့ရာသီ ရောက်ရှိပြီဖြစ်သဖြင့် မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း ၁၀၀ အထက် လုပ်ငန်းများဖြစ်သည့် လမ်းမကြီးကတ္တရာခင်းခြင်းနှင့် မီးသတ်ရုံးနှင့် လျှပ်စစ်ရုံး သွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း ၁၀၀ အထက် လုပ်ငန်းများဖြစ်သည့် လမ်းမကြီးကတ္တရာခင်းခြင်းနှင့် မီးသတ်ရုံးနှင့် လျှပ်စစ်ရုံး သွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
Jan 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာအုပ်စု၊ ဒိန်ဂါယန်ကျေးရွာအတွင်းရှိ မြေသားလမ်း ပြုပြင်ဆောင်ရွက် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒိန်ဂါယန်ကျေးရွာ လမ်းမုခ်ဦးတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
Jan 22,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့နေမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေး မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့တွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)အရ ညမထွက်ရအမိန့်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။