ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 07,2020
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း တောင်သူ(၆၆)ဦး၏ ပြောင်းဖူး ဧက (၁၀၀.၂) ကို ယနေ့နံနက်ပိုင်းက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Aug 07,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 07,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။
Aug 07,2020
ချင်းပြည်နယ် မင်းတပ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Aug 07,2020
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းပေါ်ရှိ တလိုင်ရောန်း တံတားသည် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Aug 07,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခ ခန်းမ၌ ကျင်းပသည်။
Aug 07,2020
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြိုနယ်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာ မူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်( မူကြမ်း) ရှင်းလင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ