ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မြို့အတွင်း ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 11,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကုစားနိုင်ရန်အတွက် နိုင်ငံတော်၏(CERP)အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်နှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 11,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For work စီမံကိန်းဖြင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယနေ့နံနက် ၇ နာရီတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေး နှိုးဆော်သည့် အနေဖြင့် ပြည်သူများ လက်ဝယ်အရောက် ပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများကို လိုက်လံ ကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Aug 11,2020
ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များကို လေလံရောင်း ချရေးအဖွဲ့မှ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Aug 11,2020
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် မိုးမောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြ မည့် ဖလမ်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးက အမည်စာရင်း တင်သွင်း ထားကြသော နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖလမ်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်မှစကာ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ သို့ အသိပညာပေးသည့်အနေဖြင့် နောင်မွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ပြည်သူများ လက်ဝယ်အရောက် လက်ကမ်းများဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများ ဆောင်ရွက်ခဲ့ သည်။