လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း ပြောင်းဖူး (၁၀၀.၂) ဧက ပျက်စီး

ဖလမ်း  သြဂုတ် ၇

လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း တောင်သူ(၆၆)ဦး၏ ပြောင်းဖူး ဧက (၁၀၀.၂) ကို ယနေ့နံနက်ပိုင်းက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်၊ ဆအက်ကျေးရွာအုပ်စု၊ ရှာလ်လမ်ကျေးရွာနေ တောင်သူ(၂၇)ဦး၏ ပြောင်းဖူး (၄၃)ဧက နှင့် ဖလမ်းမြို့နယ်၊ သီးကျိရ်ကျေးရွာနေ တောင်သူ(၃၉)ဦး ၏ ပြောင်းဖူး(၅၇.၂)ဧက ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ရှိန်းတမ်