ရွာသစ် ဩဂုတ် ၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများအလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဩဂုတ်(၇)ရက် နံနက်(၁၀)နာရီက ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် အသိပညာ ပေးပြသခြင်း ဆောင်ရွက်သည်။
အသိပညာပေးနံရံကပ်စာစောင်တွင် တေးသံရှင်များမှ သီဆိုထားသော (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲအတွက် ဆောင်ပုဒ်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ (၂၀၂၀) ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အကြောင်း သိကောင်းစရာများ၊ နေရပ်ဒေသပြောင်းရွှေ့နေထိုင်သူများ နှင့် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများ မဲပေးနိုင်ရန် ဆောင်ရွက်ရမည့် အချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန် နှိုးဆော်ချက်များ နှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများအား ထည့်သွင်းပြသထားကြောင်းသိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)