ကိုကိုးကျွန်းမြို့နယ်တွင် ဓားမဦးချလုပ်ကိုင်ခဲ့သော မြေယာများအတွက် နစ်နာကြေးပေးအပ်

ကိုကိုးကျွန်း သြဂုတ်  ၁၀

ကိုကိုးကျွန်းမြို့နယ်အတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိစေရန်အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက်  လိုအပ်သောမြေဧရိယာ ၄.၁၁ဧကကို ဘုရင့်နောင် လမ်းဘေးတွင် ရှိသော မြေကွက် အား လျာထားသတ်မှတ်ခဲ့သည်၊၊

အဆိုပါမြေကွက်အား လျာထားသတ်မှတ်ရာတွင် ဓားမဦးချလုပ်ကိုင်သူ(၆)ဦးအား နစ်နာမှု မရှိစေရေးနှင့်   ၄င်းတို့ (၆) ဦး၏ တောင်းဆိုချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တစ်ဦး လျှင် ငွေကျပ်သိန်း(၃၀)နှုန်းဖြင့် စုစုပေါင်း ကျပ်သန်း ၁၈၀ကို ၈.၈.၂၀၂၀ရက်နေ့ နံနက်(၁၀) နာရီ တွင် ကိုကိုးကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြေပိုင်ရှင် များ ၏ လက်ဝယ်အရောက် ကိုကိုးကျွန်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုး အောင်မှ မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် မြို့မိမြို့ဖများ ရှေ့မှောက်တွင်  ပေးအပ်ခဲ့ကြောင်း သိရသည်။

မြေပိုင်ရှင်များအနေဖြင့် မြေယာနစ်နာကြေးရရှိချိန်မှစ၍ ၄င်းမြေယာနှင့်ပတ်သက်သော အကျိုး ခံစားပိုင်ခွင့် အရပ်ရပ်အား စွန့်လွှတ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးနှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၏ ရှေ့မှောက် တွင်      နှစ်ဦးသဘောတူ စာချုပ်ချုပ်၍ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်၊၊

ကိုကိုးကျွန်း(မြို့နယ်)