တနိုင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် (၂၉.၁၀)ရာခိုင်နှုန်းရှိ

တနိုင်း ဩဂုတ် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ၏ အောင်မြင်မှု စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ရာတွင် တနိုင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၇၉)ဦး ဝင်ရောက်ဖြေဆိုကြပြီး အောင်မြင်သူ (၃၁၄)ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် (၂၉.၁၀)ရာခိုင်နှုန်း အောင်မြင်ပြီး (၃) ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၁၃)ဦး ၊(၁) ဘာသာဂုဏ်ထူးရှင်(၃၇)ဦးနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူး ရရှိသူ စုစုပေါင်း(၇၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါဝါ (ပြန်/ဆက်)