Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မြစ်ကြီးနား၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအသိပညာပေး လက်ကမ်း စာစောင်နှင့် ပိုစတာများ မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ပြသ
Aug 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများကို ယနေ့ နံနက် ၁၀ နာရီတွင် ပြသခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ/ဆင်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အရံသားဖွားဆရာမတို့ပူးပေါင်းအဖွဲ့သည် သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်၊ လုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီတွင် ချီဖွေမြို့ပေါ် ရစ်လော်ခေါင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် မဲစာရင်းသွားရောက် ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 06,2020
ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်နှင့် မဲစာရင်းသွားရောက်ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်က ကျီခါးမြို့ပေါ်ရပ်ကွက်၌ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Aug 06,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ မချမ်းဘော့မြို့မဈေးတွင် ယနေ့ နံနက် (၆)နာရီတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Aug 06,2020
ချင်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများ အသုံးပြုမှုများပြားပြီး အဓိကလမ်းမ တစ်ခုဖြစ်သည့် ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့၌ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၅၀၀ ဦးကျော်ရှိ၍ ပုံစံ(၃)ဖြင့် အမည်စာရင်း လျှောက်ထားသူ ၉၀ ဦးရှိ
Aug 06,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးထောင်ကျော်၏ အမည်စာရင်းများ ကြေညာစာကပ်ထားလျက်ရှိ ရာ ယမန်နေ့ သြဂုတ် ၅ ရက်အထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်၊ ရပ်ကွက်စာရေးများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး
Aug 06,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်(၅)ရက် နံနက်(၁၀) နာရီတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရန်လိုက်နာခြင်း မရှိသူများအား အရေးယူခြင်းများ ဆောင်ရွက်
Aug 06,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရန် လိုက်နာခြင်းမရှိသူများအား အရေးယူခြင်းများကို ယနေ့ နံနက် (၉)နာရီအချိန်တွင် မတူပီမြို့ စန်ဘောင်ရပ်ကွက် မတူပီ-မင်းတပ် လမ်းဆုံ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များကပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
258
Page
259
Page
260
Page
261
Current page
262
Page
263
Page
264
Page
265
Page
266
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department