Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရေဇွာမြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 18,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ကျေးလက်ကျန်းမာရေး ဌာနဆေးခန်း၌ ရေဇွာ မြို့ရပ်ကွက်(၄)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက်ကလေးငယ် (၂၂၀)ဦးခန့်အား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့တွင် လူငယ်ရေးရာမူဝါဒရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်
Aug 18,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာမူဝါဒ ရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Baptist Church Center (TBC) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံ ငွေဖြင့်ဆောက်လုပ်သည့် မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်
Aug 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါ ရုံးသစ်အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအတွက် စာရေးကိရိယာများ ပေးအပ်လှူဒါန်း
Aug 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်းများအတွက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ)ဖြင့် လျှောက်ထားလာသူများ (၇၈၆၉)ဦးရှိ
Aug 18,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ် ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်စာရင်းကြေညာမှုတွင် မူလမဲစာရင်း ၃၉၉၈၉ ရှိပြီး ပြင်ဆင်ပြီး မဲစာရင်း ၃၇၉၆၀ ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် စိုးရမ်ရေအမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေအမှတ်ဖြစ်သော ၁၃၂၅ စင်တီမီတာ အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် ၃၄ စင်တီမီတာသာလို
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာအထိ မြင့်တက်ပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၄ စင်တီမီတာပဲလိုတော့ ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
237
Page
238
Page
239
Page
240
Current page
241
Page
242
Page
243
Page
244
Page
245
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department