ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ချီဖွေ  သြဂုတ် ၁၈

ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာရေးဆရာကျော်ဝင်း ရေးသားထားသည့် နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆံဆက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးအောင်ကျော်စန်းက စာအုပ်ပါ ဘဝပင်လယ်ခေါင်းစဉ်ငယ်ဖြင့် ‘‘တာဝန်ယူစိတ်၊ ပစ်ကွင်းကိုချိန်ပစ်၊ အရေးကြီးတာအရင်လုပ်၊ သူမနာ ကိုယ်မနာဆက်ဆံရေး၊ နာလည်မှုရှိ၊ လက်တွဲကြိုးပမ်း၊ ကိုယ့်ကိုယ်ကိုယ်ပြန်သ’’စသည့် အကြောင်းအရာပါ အသေးစိတ် အချက်အလက်များကို လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးမျိုးထွန်းက ကတိတစ်လုံးရဲ့ အရှုံးခေါင်းစဉ်ငယ်ဖြင့် ငယ်စဉ်ကတည်းက အသေးအဖွဲ့လေးကအစ ကတိတည်နိုင်ဖို့၊ ပေးပြီးကတိပျက်ပါက မိမိအားတစ်ပါးသူက ယုံကြည်မှု အားနည်းကြောင်းနှင့် ဆိုခဲစေမြဲစေဆိုတဲ့ စကားအတိုင်း လိုက်နာကျင့်သုံး သင့်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများသင်း (Book Club) အဖွဲ့ဝင်(၁၂)တို့က စာအုပ်ပါ အကြောင်းအရာများကို အမြင်ခြင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းအပြီးတွင် (Book Club) အဖွဲ့ဝင်များက ရုံးရှေ့နံရံကပ်ဘုတ်တွင် ပြသထားသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းပုံများနှင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းဆိုင်ရာ လှုံ့ဆော်ရေး ပို့စတာများ လေ့လာဖတ်ရှု ခဲ့ကြောင်း သိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)