Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖလမ်းမြို့နယ်အတွင်း ချင်းဖတ်စာသင်ကြားပို့ချမည့် ဆရာ/ဆရာမများ မွမ်းမံသင်တန်းဖွင့်လှစ်
Aug 19,2020
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ချင်းဖတ်စာသင်ကြားပို့ချမည့် ဆရာ/မများ မွမ်းမံသင်တန်းကို သြဂုတ် ၁၇ ရက် နေ့မှစ၍ ဖလမ်းမြို့၊ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)စာဖတ်ဝိုင်း ကျင်းပ
Aug 19,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီခွဲက ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ဟားခါးမြို့၌ ဖွင့်လှစ်သင်ကြား
Aug 19,2020
ချင်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို သြဂုတ်လ ၁၇ ရက်နေ့တွင် ဟားခါး မြို့ စျေးသစ်ရပ်ကွက် ကာရာနီနှစ်ခြင်းအသင်း တော်ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်တွင်သင်္ဘောသီးယို ပြုလုပ်နည်းများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ် စည်ပင်သာယာရေး ကော်မတီရွေးချယ်ခြင်း အခမ်းအနား ဆောင်ရွက်
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ အရပ်ဘက်မှ ရွေးချယ်သော မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၃)ဦး ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ချီဖွေမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ (၅)နှစ်အောက် ကလေးသူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေး
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖေွမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ် ရစ်လောင်ခေါင် ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ မှ (၄)နာရီအထိ ရစ်လောင်ခေါင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ နှစ်ဦး အားဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Aug 19,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုးနှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ မရှိခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအား ဂုဏ်ပြုဆု ချီးမြင့်ပွဲ အခမ်းအနားကို အထက(ခေါင်လန်ဖူး)တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန် ချောင်းတံတားအောက်တွင် သစ်တုံးများ ကန့်လန့်ဖြတ် တင်ကျန်နေမှုအား ဖယ်ရှား ရှင်းလင်းခြင်းဆောင်ရွက်
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့ပေါ်ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) ကို ဆက်သွယ်ထားသော ရှင်ဗွေယန်ချောင်း တံတားအောက်၌ သစ်ပင်များ၊ သစ်တုံးများ ကန့်လန့်ဖြတ် တင်ကျန်နေမှုအားနေ့ မွန်းလွဲ (၃) နာရီတွင် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်း၌ သိုင်းရွိုက်ဂလင်း ပုံမှန်လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကို ကနဦးဆောလျင်စွာ ရှာဖွေလေ့လာခြင်းနှင့် ယင်းသို့ဖြစ်ပေါ်မှုတွင် ဆက်စပ်မှုရှိသော အချက်အလက်များကို ရှာဖွေဖော်ထုတ်ခြင်း သုတေသန ပြုလုပ်
Aug 19,2020
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် နေထိုင်ကြသည့် အရွယ်ရောက်ပြီးသူများတွင် သိုင်းရွိုက်ဂလင်း ပုံမှန်ဆောင်ရွက်မှု မရှိခြင်းကို ကနဦးဆောလျင်စွာ ရှာဖွေလေ့လာခြင်းနှင့် ယင်းသို့ဖြစ်ပေါ်မှုတွင် ဆက်စပ်မှုရှိသော အချက်အလက်များ ရှာဖွေ ဖော်ထုတ်ခြင်း သုတေသနပြုလုပ်မှုကို ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
235
Page
236
Page
237
Page
238
Current page
239
Page
240
Page
241
Page
242
Page
243
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department