ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 20,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူ များအား မြို့အ၀င် လုံခြုံရေးစစ်ဆေးဂိတ်နေရာတွင် နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့ နံနက်(၉)နာရီက ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာရှိ တောင်သူ(၂၅) ဦးပိုင် စပါးခင်းအတွင်း၌ ငါးမျိုး စိုက်ထည့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
Aug 20,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွန့်နှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် Cash For Work စီမံကိန်းနှင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 20,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ဖြိုဖျက် ပြောင်းရွှေ့သော ဖာရ်တလန်ကျေးရွာနေ ဦးထန်ခင်းမုန်နှင့် ဦးထန်လျန်းကိမ်းတို့အား ယမန်နေ့နေ့လည် ၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ခန္တီး- ဆင်သေ ချင်းတွင်းတံတားအနီးရှိ အောင်သာယာရွာတွင် ချင်းတွင်းမြစ်ရေ ယမန့်နေ့ ညနေ ၃ နာရီချိန်ခန့်က အောင်သာယာ ရွာမြီးပိုင်းမြေနိမ့်နေရာဘက် တွင် ချင်းတွင်းမြစ်ရေ လျှံထွက်လာကြောင်း သိရသည်။
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၄)ဦး ရွေးချယ်ခြင်းကို ယနေ့နံနက်(၁၁)နာရီတွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Aug 19,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ သြဂုတ် (၁၈) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ည (၉) နာရီခန့်က ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းသွား မိုင်တိုင်အမှတ် (၃၃/၃၄) ကြား ဆဒုံး လန်နရေတံခွန်အနီး အလျား (၁၀၀) ပေ ၊ အနံ (၃၀) ပေ၊ အမြင့် (၁၅) ပေခန့် နှင့် ဆဒုံး-ကန်ပိုက်တီကြား လုဂျီကျေးရွာအနီး တို့တွင် တောင်ကမ်းပါးပြိုကျခဲ့ကြောင်း သိရသည်။
Aug 19,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တာပိန်မြစ်ရေသည် (၁ဝ)နှစ်တာကာလ အတွင်း ယခုအခါ အကြီးမားဆုံးမြစ်ရေကြီးမှုဖြစ်ပေါ်လာနိုင်ကြောင်း ယနေ့နံနက်ပိုင်းက စတင်၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အောက်ပိုင်းရှိ ပြည်သူများထံသို့ တာပိန်ရေအားလျှပ်စစ်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာနှင့် မိုးမောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က မြစ်ရေကြီးခြင်း သတိပေးချက်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။