ပြင်စလူ သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း တစ်ပတ်လျှင်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ကျန်းမာရေး ဦးစီးဌာနမှ ဆရာမ ဒေါ်ချောစုဝင်းက အသိပညာပေး ဟောပြောပေးပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စစ်ဆေးပေး ခဲ့ကြောင်း သိရသည်။
ရီရီလွင် (ပြန်/ဆက်)