၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း

မချမ်းဘော့  သြဂုတ် ၂၀ 

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စံချိန်စံညွန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေးကို ၂၀၂၀ ပြည်နှစ် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးယန်မီယုံမှ အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင်အတွင်းရေးမှူး ဦးမိုးအောင်က မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက် လာပါက အချိန်မီ ဆောင်ရွက်နိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း မဲဆန္ဒရှင် အမည်စာရင်းမပါရှိပါက အချိန်မှီ အကြောင်းကြားပြီး အမည်စာရင်း တင်သွင်း နိုင်ရေးစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

  ခွန်လင်းဦး(ပြန်/ဆက်)