စေတနာ့ဝန်ထမ်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် အခြေခံပညာကျောင်းများ၊ လူမှုအသင်းအဖွဲ့များ ထံသို့ PPE ဝတ်စုံ ထောက်ပံ့ပေးအပ်

ဒီးမော့ဆို သြဂုတ် ၂၀

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည် မှ ပေးအပ် ချီးမြှင့်လာသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းအဖွဲ့ များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ခြင်း နှင့် အခြေခံပညာ ကျောင်းများ၊ လူမှုအသင်းအဖွဲ့များ ထံသို့ PPE ဝတ်စုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုက ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ခြင်း၊ PPE ဝတ်စုံ ထောက်ပံ့ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပြီး ပြည်နယ်ဝန်ကြီး နှင့် တာဝန်ရှိသူများက ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းအဖွဲ့(၂၈)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ခြင်း၊ အခြေခံပညာ အထက်တန်းကျောင်း(၁၀)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၇)ကျောင်း၊ လူမှုရေး အသင်းအဖွဲ့(၅)ဖွဲ့ထံသို့ PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြီးဒဲရယ်