ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 09,2020
ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ ညနေ ၅နာရီက ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့်ဝန်ထမ်းများ၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဟားခါးမြို့ အဝင်ဂိတ်များနှင့် အဝေးပြေးကားဂိတ်တွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Sep 09,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တုံးပုံကျေးရွာ ကွင်းအမှတ် (၂၂၃) တောင်သူ ဦးကျော်ဝေ အပါအဝင် တောင်သူ(၁၈)ဦး၏ လယ်ဧက (၁၀၀)ရှိ စပါးစိုက်ခင်း ရေပြင်များအတွင်း၌ ယနေ့နံနက် ၇ နာရီခွဲက ငါးမျိုးများ စိုက်ထည့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများအား Covid-19 ကာလအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စက်တင်ဘာလ ၇ ရက် ညနေပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 09,2020
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယမန်နေ့ နေ့လယ် ၁၁ နာရီက တီးတိန်မြို့ အစိုးရမူလတန်းကြို ကျောင်း၌ပြုလုပ်သည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော မသန်စွမ်းသူများ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။
Sep 09,2020
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Sep 08,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စုများနှင့် ခလရ(၂၉၇)၊ ခလရ(၂၉၈) တပ်ရင်းတို့တွင် နေထိုင်သည့် တိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် စက်တင်ဘာ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 08,2020
ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့ အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ရေး ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း အတွက် အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ (၆)ရက်နေ့မှ စတင်၍ မြို့အဝင်ဂိတ်၌ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Sep 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အရ ကိုယ်ဝန်ဆောင် တစ်ဦးလျှင် တစ်ကြိမ်တည်းငွေ (ကျပ်သုံးသောင်းတိတိ)ကို ထောက်ပံ့နိုင်ရန်အတွက် ငွေဗိုက်(Application)ကို Download ဆွဲ၍ Oline system ဖြင့် စာရင်းသွင်း ဝန်ဆောင်မှုကို ယနေ့နံနက် ၉ နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိပါသည်။