Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ချီဖွေမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 08,2020
ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့ အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ရေး ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း အတွက် အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ (၆)ရက်နေ့မှ စတင်၍ မြို့အဝင်ဂိတ်၌ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်(Application)ဖြင့် စာရင်းသွင်းနည်း သင်ကြားပြသခြင်း ဆောင်ရွက်
Sep 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အရ ကိုယ်ဝန်ဆောင် တစ်ဦးလျှင် တစ်ကြိမ်တည်းငွေ (ကျပ်သုံးသောင်းတိတိ)ကို ထောက်ပံ့နိုင်ရန်အတွက် ငွေဗိုက်(Application)ကို Download ဆွဲ၍ Oline system ဖြင့် စာရင်းသွင်း ဝန်ဆောင်မှုကို ယနေ့နံနက် ၉ နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 08,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Sep 08,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဌာနများက ယနေ့ နံနက်(၈)နာရီအချိန်တွင် လူသွားလူလာများသော ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီမှ မော်တော်ယာဉ် ဂိတ်မှူးနှင့် ဂိတ်ပိုင်ရှင်များအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 08,2020
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် လိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ဟားခါးမြို့၊ အဝေးပြေး ကားဂိတ်တွင် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့ဝင် များက အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင် အသုံးပြုမှု ရှိ၊မရှိနှင့် သက်တမ်းလွန် စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Sep 08,2020
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ် များကို စနစ်တကျတပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ အစားအသောက် ပစ္စည်းအရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံ ဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန်များတွင် အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲအခမ်းကျင်းပ
Sep 08,2020
ချင်းပြည်နယ်၊တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအခမ်းအနားကို တွန်းဇံမြို့နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့(TTBA) အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များပြသ
Sep 08,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက် ၁၁ နာရီက စာဖတ်၊ စာငှားလာရောက်ကြသူများအား ပြသဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
203
Page
204
Page
205
Page
206
Current page
207
Page
208
Page
209
Page
210
Page
211
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department