Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရေဇွာမြို့ခြောက်လမ်းဆုံတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်း ဆောင်ရွက်
Sep 09,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင်များက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်၌ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုးကျရောက်မှုအား ကွင်းဆင်းစစ်ဆေး
Sep 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဝမ်ကန်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုး ကျရောက် နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ဝန်ထမ်းများ သည် ယနေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နိုင်မှု ရှိ၊မရှိ ကွင်းဆင်းဆောင်ရွက်
Sep 09,2020
ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ ညနေ ၅နာရီက ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့်ဝန်ထမ်းများ၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဟားခါးမြို့ အဝင်ဂိတ်များနှင့် အဝေးပြေးကားဂိတ်တွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ် တုံးပုံကျေးရွာရှိ စပါးစိုက်ခင်းရေပြင်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်
Sep 09,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တုံးပုံကျေးရွာ ကွင်းအမှတ် (၂၂၃) တောင်သူ ဦးကျော်ဝေ အပါအဝင် တောင်သူ(၁၈)ဦး၏ လယ်ဧက (၁၀၀)ရှိ စပါးစိုက်ခင်း ရေပြင်များအတွင်း၌ ယနေ့နံနက် ၇ နာရီခွဲက ငါးမျိုးများ စိုက်ထည့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ မသန်စွမ်းသူ ၂၆၇ ဦးအား ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေပေးအပ်
Sep 09,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများအား Covid-19 ကာလအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စက်တင်ဘာလ ၇ ရက် ညနေပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ တီးတိန်မြို့၌ မသန်စွမ်းသူများ ထောက်ပံ့ငွေ ပေးအပ်
Sep 09,2020
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယမန်နေ့ နေ့လယ် ၁၁ နာရီက တီးတိန်မြို့ အစိုးရမူလတန်းကြို ကျောင်း၌ပြုလုပ်သည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော မသန်စွမ်းသူများ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာများ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ
Sep 09,2020
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Sep 08,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စုများနှင့် ခလရ(၂၉၇)၊ ခလရ(၂၉၈) တပ်ရင်းတို့တွင် နေထိုင်သည့် တိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် စက်တင်ဘာ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
202
Page
203
Page
204
Page
205
Current page
206
Page
207
Page
208
Page
209
Page
210
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department