ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 09,2020
ချင်းပြည်နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ကြေညာချက်များ နှင့်အညီ အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြသည်။
Sep 09,2020
မင်းတပ်မြို့ရှိ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 09,2020
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က ကျီခါးမြို့ လူငယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
Sep 09,2020
ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်ပိုင်း အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကေရစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲကို ယမန်နေ့ က တီးတိန်မြို့နယ် (ပြန်/ဆက်ရုံး) Community Centre ခန်းမ၌ ပြုလုပ်သည်။
Sep 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့ပေါ်ရှိ ပြည်သူများအနေဖြင့် ယခုကာလအတွင်း ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အညီ ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် လူဝင်လူထွက်ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများအား ယမန်နေ့နံနက်(၁၁)နာရီတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Sep 09,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင်များက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဝမ်ကန်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုး ကျရောက် နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ဝန်ထမ်းများ သည် ယနေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။