ရွှေကူမြို့နယ် တုံးပုံကျေးရွာရှိ စပါးစိုက်ခင်းရေပြင်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်

ရွှေကူ       စက်တင်ဘာ       ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တုံးပုံကျေးရွာ ကွင်းအမှတ် (၂၂၃) တောင်သူ ဦးကျော်ဝေ အပါအဝင် တောင်သူ(၁၈)ဦး၏ လယ်ဧက (၁၀၀)ရှိ စပါးစိုက်ခင်း ရေပြင်များအတွင်း၌ ယနေ့နံနက် ၇ နာရီခွဲက ငါးမျိုးများ စိုက်ထည့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ငါးရိက္ခာရရှိရေး၊ သဘာဝရေပြင်များ အတွင်း ငါးမျိုးများပြန့်ပွားကာ ငါးအထွက်နှုန်းတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးအတွက် သဘာဝရေပြင်များအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းနှင့် စပါးစိုက်ခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ရခြင်း ဖြစ်ကြောင်း ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ ငါးမျိုးများ စိုက်ထည့်ခြင်းဆောင်ရွက်ရာတွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဖြိုးထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများက တုံးပုံကျေးရွာ၌ လယ်ဧက(၁၀၀)ရှိ စပါးစိုက်ခင်း ရေပြင်အတွင်း၌ ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ(၅၀၀၀၀)အား ငါးမျိုးစိုက်ထည့် ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)