ဖားကန့်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ကာမိုင်း  စက်တင်ဘာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စုများနှင့် ခလရ(၂၉၇)၊ ခလရ(၂၉၈) တပ်ရင်းတို့တွင် နေထိုင်သည့် တိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် စက်တင်ဘာ ()ရက်နေ့မှ ()ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမကြီးပေါ်ရှိ ဒွန်ဘုန်းခ၊ လဝါး၊ ဒွန်ဘန်၊ နောင်းမီ၊ ဝါရာဇွပ်ကျေးရွာ အုပ်စုများနှင့် ခလရ(၂၉၇)၊ ခလရ(၂၉၈)တပ်ရင်းတို့တွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အမျိူးသား(၁၃၅)ဦး၊ အမျိုးသမီး(၈၈)ဦး စုစုပေါင်း(၂၂၃)ဦးအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)