ဟိုပင်၌ မသန်စွမ်းသူ ၂၆၇ ဦးအား ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေပေးအပ်

ဟိုပင်    စက်တင်ဘာ      ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စက်တင်ဘာလ ၇ ရက် ညနေပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူ  ၂၆၇ ဦး အတွက် ကျပ်သိန်းရှစ်ဆယ့်တစ်သောင်း ၈၀၁၀၀၀ဝိ/တိတိကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကွက်ကျေးရွာစာရေးများက မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်ပြီး လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။     

တိုးတိုးမေ(ဟိုပင်)