ကျီခါး စက်တင်ဘာ ၉
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က ကျီခါးမြို့ လူငယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့ပေါ်ရှိ အသက်(၅)နှစ်အောက် ကလေးငယ် စုစုပေါင်း(၂၁၀)ဦးအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်းစသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကျီခါးမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၀န်ထမ်းများနှင့် ကျီခါးမြို့ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)