ရေဇွာမြို့ခြောက်လမ်းဆုံတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်း ဆောင်ရွက်

ရေဇွာ  စက်တင်ဘာ  ၉

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင်များက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်လိန်းနှင့် ဌာနဆိုင်ရာများ အားလုံးပူးပေါင်းပြီး ရပ်နီး/ရပ်ဝေးမှ ခရီးသွားများ ဝင်/ထွက်သွားလာမှု များပြားသည့် ရေဇွာမြို့ ခြောက်လမ်းဆုံတွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီး သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့်တပြေညီ ထုတ်ပြန်သော အမိန့်ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး လိုက်နာနိုင်ကြရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ​သည်။

ဆက်လက်၍ ရေဇွာမြို့ ခြောက်လမ်းဆုံ၊ မြို့ဝင်စစ်ဆေးရေး ဂိတ်များနှင့် လူထူထပ်သောနေရာများတွင် အသိပညာပေး ဆောင်ရွက်ရာတွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန်နှင့် (Mask)မတပ်ဆင်ပဲ အပြင်ထွက်သူ များအား ကူးစက်ရောဂါ တားဆီးနှိမ်နှင်းရေး ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း အသိပညာလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)