Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မတူပီမြို့၌ ၂ နှစ်အောက်ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်
Sep 11,2020
မတူပီမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၌ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်တို့တွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များကို လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 11,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Sep 11,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူတာအိုခရိုင် မချမ်းဘောမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ(၅) နာရီက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန် လွယ်ဂျယ်မြို့အဝင်၌ ခရီးသည်များအား စစ်ဆေးကြပ်မတ်
Sep 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင် ဝိန်းခမ်းကျေးရွာ၌ ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး ကြပ်မတ် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ ခရိုင်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 10,2020
မင်းတပ်မြို့၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်
Sep 10,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် အောင်ချမ်းသာရပ်ကွက်၊ ငွေဧရာအမြန်ရေယာဉ်အသင်းဂိတ်ရုံး၌ စောင့်ဆိုင်းကာ ခရီးသွား ပြည်သူများအား တာဝန်ရှိသူများမှ ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့တွင် သောက်သုံးရေ ပိုမိုရရှိရေးအတွက် အနက်ပေတစ်ရာအထက် တူးဖော်နိုင်သော တွင်းတူး စက်ကြီးဖြင့် တူးဖော်
Sep 10,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရရှိစေရေးအတွက် အနက်ပေ တစ်ရာအထက် တူးဖော်နိုင်သော တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 10,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
198
Page
199
Page
200
Page
201
Current page
202
Page
203
Page
204
Page
205
Page
206
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department