Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ နေအိမ်များအတွင်း ရေများဝင်ရောက်
Sep 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ (၂၁) ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းမှစ၍ နေရာတချို့၌ လမ်းသား ပျက်စီးမှုများ၊ လမ်းမကြီးရေကျော်မှု ဖြစ်ပွားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ် ဝမ်တောင်းကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်နေမှု အား ကွင်းဆင်းစစ်ဆေး
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင်မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများအနက် ဝမ်တောင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက် လုပ်နေမှု အား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းကကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်(Take-away) စနစ်ဖြင့် သာရောင်းချရေးကွင်းဆင်းဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ် (Take-away) စနစ်ဖြင့်သာ ရောင်းချရန် စက်တင်ဘာ ၂၆ ရက် ညနေ(၄)နာရီအချိန် ကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဘေးမြေစာများပြိုကျမှုများနှင့်မြို့ပေါ် ရပ်ကွက်အတွင်း အုတ်နံရံပြိုကျပျက်စီးမှုဖြစ်ပွား
Sep 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့မှ (၃)မိုင်ခန့်အကွာ ချီဖွေ-မြစ်ကြီးနားသွားကား လမ်းပေါ်တွင် စက်တင်ဘာလ(၂၄)ရက်နေ့မှစ၍မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၇)နာရီ (၄၅)မိနှစ်အချိန်တွင် လမ်းဘေးမြေစာများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရှဒူဇွပ်ကျေးရွာ၌ ရေဘေးသင့်ပြည်သူ (၂၈၇၅) ဦးနှင့် ရေမျှောပါနေအိမ် (၂၃) လုံးတို့အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ လာရောက်ပေးအပ်
Sep 28,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ ဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် ယာယီရွှေ့ပြောင်းထားရသည့် အိမ်ထောင်စု (၄၁၀) စု၊ ရေဘေးသင့်ပြည်သူ (၂၈၇၅) ဦးနှင့် ရေမျှောပါနေအိမ် (၂၃) လုံးတို့အတွက် မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား အလိုတော် ပြည့်ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီတွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Sep 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများကျန်းမာရေး စစ်ဆေးခြင်းကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့မှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့အ၀င် လူကူးကြိုးတံတားတစ်စင်း ရေမျောပါပျက်စီး
Sep 28,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အ၀င်ရှိ နမ့်တမိုင် ချောင်းကူးကြိုးတံတားမှာ ယခုရက်ပိုင်းအတွင်း မိုး အဆက်မပြတ် ရွားသွန်းခဲ့မှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ မျောပါပျက်စီးသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် အရှိန် အဟုန်ဖြင့်် စစ်ဆေးဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီမှ ည(၁၀)နာရီအထိ အရှိန်အဟုန်မပျက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
168
Page
169
Page
170
Page
171
Current page
172
Page
173
Page
174
Page
175
Page
176
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department