Skip to main content

အေးချမ်းစွာ ပညာသင်ကြားရေး စုပေါင်းအားဖြင့် ဝိုင်းဝန်းဖော်ဆောင်

ကျောင်းသားများ ကျောင်းမတက်ရေးအတွက် အကြမ်းဖက်မှု၊ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု လုပ်ရပ်များ ပိုမိုများပြားလာသည်။ ပညာရေးမှူးရုံးအဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ ကျောင်း များကို တိုက်ခိုက်ခြင်း၊ ဆရာ ဆရာမများကို ခြိမ်းခြောက် နှောင့်ယှက်ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကျောင်းများ မဖွင့်လှစ်နိုင်အောင်၊ ကျောင်းသူ ကျောင်းသားများ ကျောင်း မတက်နိုင်အောင်၊ ပညာသင်ကြားခွင့်ဆုံးရှုံးအောင် ပြုလုပ် ကာ အနာဂတ်တိုင်းပြည်၏ အညွန့်အဖူးကလေးများကို အညွန့်ချိုးဖျက်ဆီးနေကြသည်။

ကောင်းကျိုးလိုလား မေတ္တာစကား

တစ်စုံတစ်ယောက်သောသူကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်။ ကြမ်းကြုတ်သောစကားကိုဆိုလျှင် သင့်ကိုလည်း သူတစ်ပါးတို့က ပြန်လှန်၍ ဆိုကုန်ရာ၏။ ချုပ်ချယ်လွန်ကျူးသောစကားသည် ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။ သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့် ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

ကာကွယ်ဆေးနှင့် နယူးနော်မယ်

ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဦးစားပေးအုပ်စုများကို စတင်ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထုအတွင်း၌လည်း မကြာမီဦးစားပေး အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားတော့မည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌ ဆက်လက်ကူးစက် ပျံ့နှံ့နေဆဲဖြစ်သည့်အပြင် ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်း၊ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်များ၏ ကူးစက်ပျံ့နှံ့မှုက မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများသို့ပင် ကူးစက်ဝင်ရောက်လျက်ရှိခြင်းတို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း မျက်ခြည်မပြတ် အထူးဂရုစိုက်ရမည့် အခြေအနေသို့ ရောက်ရှိလာသည်။

ပြည်သူ့သဘောထားကို လေးစားခြင်းဖြင့်သာ

ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အင်္ဂလိပ်အစိုးရက ပြည်မနှင့် တောင်တန်းသားများကို ခွဲခြားကာ လွတ်လပ်ရေးပေးရန် ကြိုးစားခဲ့ဖူးသည်။ နောက်ဆုံး ၁၉၄၇ ခုနှစ် ဇန်နဝါရီတွင် လန်ဒန်၌ လက်မှတ် ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရာတွင် အချက်တစ်ချက်အနေဖြင့် ထည့်ဆိုသဘောတူခဲ့ရသည်။ “ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရင့်ပြီးဆုံးသည့်အခါ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့သည် နယ်ခြားဒေသ လူထု၏ဆန္ဒနှင့် လိုက်လျောညီစွာ အကျိုးတူ ရည်မှန်းချက် များကို ဖြည့်စွမ်းရန် အကောင်းဆုံးစနစ်နှင့် ပတ်သက်၍ သဘောတူရယူ လိမ့်မည်ဖြစ်သည်” ဟူ၏။ ။

စေတနာ သမ္ပဒါ

မြန်မာနိုင်ငံသို့ အိန္ဒိယလေကြောင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းခွဲ ရောက်ရှိလာပြီ ဖြစ်၏။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ပေးလှူသောကာကွယ်ဆေးဖြစ်ပါသည်။ ယခုရက်သတ္တပတ်တွင်း မှာပင်လူခုနစ်သန်းခွဲကို ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေး စတင်ထိုးနှံတော့မည်ဖြစ်၏။ နောက်ထပ် လာရန်ရှိသည့် ကာကွယ်ဆေးအစီအစဉ်များကလည်း ဆွေးနွေးပြင်ဆင်ထားပြီး ဖြစ်သည်ဟုလည်း သိရပါသည်။

ပညာဝန်းကျင် ကျယ်ပြန့်စေရန်

အမှားအမှန်ကို ခွဲခြားမသိသူ သို့မဟုတ် ကောင်းမှု မကောင်းမှုကို ကွဲကွဲပြားပြား မသိသူကို အသိဉာဏ်ပညာမဲ့သူဟု ဆို၏။

သဘာဝပတ်ဝန်းကျင်နှင့် တိုးတက်ဖွံ့ဖြိုးရေး

မုန်တိုင်းများ၊ မြေငလျင်လှုပ်ခတ်မှုများ၊ ရေလွှမ်းမိုးမှုများ၊ မိုးခေါင်ရေရှား ခြောက်သွေ့မှုများ၊ မြေပြိုမှုများအစရှိသည့် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုသည် ကမ္ဘာသူ ကမ္ဘာသားတို့ကြား ဆွေးနွေးစရာများ၊ စဉ်းစားစရာများ အများအပြားဖြစ်စေခဲ့သည်။ အထူးသဖြင့် လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် ချဲ့ထွင်မှုနေရာယူမှုများသည် ကမ္ဘာကြီးအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက် ဩဇာလွှမ်းမိုးမှုနှင့် အတိုင်းအဆ ကြီးမားမှုကို နားလည်သဘောပေါက်ကာ သတိပြုမိလာကြသည်။

တိုင်းပြည်စီးပွားရေး ဦးမော့လာဖို့

ကိုဗစ်ရောဂါနှင့်အတူ တွဲလျက်လိုက်ပါလာသည့် အကျိုးဆက်များက လက်တွေ့ဘဝများတွင် မရေမတွက်နိုင်လောက်အောင်ပင် အများအပြား ရှိနေပေသည်။ အဆိုပါ ကမ္ဘာလှည့် ကပ်ရောဂါကြီးသည် နိုင်ငံတကာ ပြည်သူလူထုထံ ကျန်းမာရေးဆိုင်ရာ ဝေဒနာများသာမက စီးပွားရေးရာ၊ လူမှုရေးရာ အစရှိသည့် အထွေထွေအကျပ်အတည်းများကိုပါ သယ်ဆောင်လာခဲ့ သည်။

ကိုဗစ်နှင့်အတူ နေထိုင်ခြင်း

လူ့ဘောင်လောက သဘာဝအရ အနတ္တဟူသည့်သဘောသည် ရှိနေသည် ဖြစ်၏။ မိမိ၏ ကိုယ်ခန္ဓာ၊ မိမိ၏ စိတ်ခန္ဓာသည်ပင် မိမိ၏အလိုသို့ လိုက်သည်မဟုတ်။ မိမိ၏ သဘောအတိုင်း မဖြစ်။ မိမိ ပိုင်ဆိုင်သမျှကို မိမိက တည်မြဲစေချင်သလို တည်မြဲသည်မဟုတ်။ မိမိက ရှင်သန်နေစေချင်သလို ထာဝရရှင်သန်နေသည်မဟုတ်။ မိမိ၏ အလိုသဘောအတိုင်း မဖြစ်နိုင်သကဲ့သို့ မိမိ မလိုလားသည်ကိုလည်း လက်မခံလို့မရသည်များလည်း ရှိမည်သာဖြစ်၏။

ပြည်သူကို ကာကွယ်ပေးနေသည့် စည်းမျဉ်းဥပဒေများ

နာမည်ကျော် အဆိုတော်ကြီးတစ်ဦးက မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ထက်က ဖျော်ဖြေပွဲတစ်ခုတွင် ကိုဗစ်နှင့် ပတ်သက်သည့် အခြေခံကာကွယ်ရေးတို့ကို ရှင်းပြရင်း အမှိုက်များကို မီးမရှို့ဖို့ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။ အများပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် အမှိုက်မီးရှို့ကြခြင်းဖြင့် လေကောင်း လေသန့်မရ၊ မီးခိုးငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူရ စသည့် အန္တရာယ်တို့ကား ဆိုးရွားလှပါသည်။ ယခုလို ကိုဗစ်ရောဂါနှင့် ရင်ဆိုင်နေရသည့်အချိန်က ပိုမိုဆိုးရွား ဒုက္ခဖြစ်စေသည်ကို နားလည်ကြဖို့ လိုပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ အဓိကအကျ ဆုံးသော ပြဿနာမှာ ဗိုင်းရပ်စ်ရောဂါပိုးက အသက်ရှူ လမ်းကြောင်းတစ်လျှောက်ကို အန္တရာယ်ပေးခြင်း ဖြစ်ပါသည်။
Subscribe to မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်