ကျောင်းသားများ ကျောင်းမတက်ရေးအတွက် အကြမ်းဖက်မှု၊ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု လုပ်ရပ်များ ပိုမိုများပြားလာသည်။ ပညာရေးမှူးရုံးအဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ ကျောင်း များကို တိုက်ခိုက်ခြင်း၊ ဆရာ ဆရာမများကို ခြိမ်းခြောက် နှောင့်ယှက်ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကျောင်းများ မဖွင့်လှစ်နိုင်အောင်၊ ကျောင်းသူ ကျောင်းသားများ ကျောင်း မတက်နိုင်အောင်၊ ပညာသင်ကြားခွင့်ဆုံးရှုံးအောင် ပြုလုပ် ကာ အနာဂတ်တိုင်းပြည်၏ အညွန့်အဖူးကလေးများကို အညွန့်ချိုးဖျက်ဆီးနေကြသည်။
စင်စစ် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း၊ ဆရာ/ဆရာမများ သင်ကြားရေးလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြခြင်း၊ ( ကျောင်းသူ ကျောင်းသားများ ကျောင်းတက်၍ ပညာသင်ကြား ကြခြင်းသည် အလွန်ကျက်သရေမင်္ဂလာနှင့် ပြည့်စုံပြီး တည်ငြိမ်အေးချမ်းမှုကို နိမိတ်ဆောင်ခြင်း ကပင် ဆူပူအကြမ်းဖက်သမားများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသူများ မလိုလားသည့် မြင်ကွင်းပုံရိပ်များ ဖြစ်ကြသည်။ အကြမ်းဖက်ဆူပူမှုများ၊ ရုန်းရင်းဆန်ခတ်မှုများနှင့် တစပြင်သဖွယ် မြင်ကွင်းများ၊ ကျီးလန့်စာစားပုံရိပ်များကိုသာ ၎င်းတို့မြင်လိုနေကြခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းပြည်၏ ပစ္စုပ္ပန်ကိုရော အနာဂတ်ကိုပါ ပျက်စီးနေစေလို ခြင်းပင်ဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေးနှင့် ဘာမှမသက်ဆိုင်သည့်ကျောင်းစာသင်ခန်းများကို မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းအားဖြင့် မိဘများက မိမိတို့ ရင်သွေးငယ်များကို ကျောင်းသို့ မလွှတ်ရဲအောင်၊ ကလေးသူငယ်ကျောင်းသူ ကျောင်းသားငယ်လေးများ ကျောင်းသို့ မတက်ရဲအောင် ရက်စက်ယုတ်မာစွာဖြင့် အကြောက်တရားကို ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။
ယခုအခါ ကျောင်းမတက်ရန်အတွက် အချို့သူများက ခြိမ်းခြောက်ဆောင်ရွက်ပြီး အဖျက်လုပ်ငန်းများ ဆောင်ရွက်နေမှုသည် နိုင်ငံအားဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် ပညာတတ်များပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူ များက မလိုလားဘဲ ပြည်သူများ လျော့က်အောင်လုပ်ဆောင် နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့် လုပ်ဆောင်ချက် ပင်ဖြစ်ကြောင်း၊ ယခု သင်ကြားနေသည့် ပညာရပ်များသည် ယခင်အစိုးရများမှ ချမှတ်ထားခဲ့ သည့် အမျိုးသားပညာရေး မူဝါဒများအတိုင်းသာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်လိုကြောင်း " နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမေ ၆ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၆/၂၀၂၁)တွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်နှစ်တစ်နှစ် ဆုံးရှုံးထားရသည့် ကျောင်းသူ ကျောင်းသားများ ကျောင်းပြန်တက် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်နေချိန်တွင် အဖျက်အမှောင့် သမားတို့ကလည်း စစ်ကျွန်ဘဝကို ကျရောက်မည့် စစ်ကျွန်ပညာရေးကို မသင်ယူကြရန်ဟူ၍ အဓိပ္ပာယ်မဲ့ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။ အမှန်အားဖြင့်မူ ကျောင်းများတွင်သင်ကြားနေသည့် သင်ရိုးညွှန်းတမ်းများ၊ သင်ခန်းစာများ၊ ပညာရေး မူဝါဒများအားလုံးမှာ အသစ်တစ်ခု မျှမပါဘဲ ယခင်အစိုးရများ ချမှတ်ခဲ့သည့် အမျိုးသား ပညာရေး မူဝါဒများ အတိုင်းသာ သင်ကြားပေးနေခြင်းဖြစ်သည်။နိုင်ငံ တည်ဆောက်ရေးတွင် မိမိနိုင်ငံသား ပညာတတ်များဖြင့်သာ တည်ဆောက်ကြရခြင်းဖြစ်ရာ ပညာတတ်များ မွေးထုတ်ပြီး လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်ပေးခြင်းက နိုင်ငံ၏ အနာဂတ်အတွက် ဆောင်ရွက်နေခြင်းဖြစ်ရာ ပညာသင်ကြားမှုကို နှောင့်ယှက် ဖျက်ဆီးခြင်းက အသိဉာဏ် နည်းပါးလှသော မိုက်မဲသည့်လုပ်ရပ်ပင်ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းများသည် ကျောင်းသား ကျောင်းသူကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားသည့် ရပ်ဝန်းများသာဖြစ်ပြီး နိုင်ငံရေးလုပ်စားသူများနှင့်အသိပညာ နည်းပါးသူများ၏ အဖျက်လုပ်ငန်းလုပ်အပ်သောနေရာ မဟုတ်ပေရာ စာသင်ကျောင်းများ အပါအဝင် ရုံးဌာနများ၊ အများ ပြည်သူဆိုင်ရာ အဆောက်အအုံများကို နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ဖျက်ဆီးနေကြသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုပေါင်းအားဖြင့် ဝိုင်းဝန်း ကာကွယ်တားဆီးကြရပါမည့်အကြောင်း။ မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်