Skip to main content

စာပေအဆိပ်မသင့်ကြစေလို

ရန်ကုန်မြို့ရှိ စာပေတိုက်တစ်တိုက်မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်းမှ ဝေဖန်ကန့်ကွက် ရှုတ်ချမှုများ ပေါ်ထွက်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင်လည်း အဆိုပါစာအုပ်၏ မျက်နှာဖုံးပုံ၊ စာအုပ်ကိုဝယ်ယူရန်အတွက် စာပေတိုက်ရှေ့တွင် အမျိုးသမီးငယ် အများအပြား ပါဝင်သည့် တန်းစီနေသူများ စသည့်ပုံများတင်ထားသည်ကို တွေ့ရှိရပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် စာအုပ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ချက်များ ကိုလည်း တွေ့ရှိရသည်။

မဖြစ်မနေမြှင့်တင်သွားရမည့် မြန်မာ့ပညာရေး

မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ‌ကောင်းလှအောင် အားနည်းနေပြီး မပြင်မဖြစ်ပြင်ရန် လိုအပ်နေသည်။ မိမိတို့နိုင်ငံ၏ ပညာရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏပင် အလေးအနက် တိုက်တွန်းပြောကြားလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ ပညာရေးမြှင့်တင်မှု မဖြစ်မနေပြုလုပ်ရန်၊ အခြေခံအားဖြင့် နိုင်ငံသားအားလုံး အလယ်တန်းအဆင့် ပြီးဆုံးအောင်မြင်ရန် တို့သည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများအရ အမှန်တကယ် ဆောင်ရွက်ကြရမည့် လုပ်ငန်းများပင် ဖြစ်သည်။

အဖိုးတန်ရေ ခြိုးခြံချွေတာ

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများပြီး ရေသယံဇာတ ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ လူတစ်ဦးတစ်နေ့လျှင် ရေချိုရရှိမှု ၁၆၄ ကုဗပေအောက် လျော့နည်းနေပါက ရေချိုရှားပါးမှု ခံစားနေ -ရခြင်းဖြစ်သည်ဟုဆိုရာ မြန်မာ့အိမ်နီးချင်းဖြစ်သော ထိုင်းက ၃၂၀ ကုဗပေ၊ အိန္ဒိယက ၁၅၆ ကုဗပေ ရရှိနေပြီး မြန်မာက ၁၀၃၂ ကုဗပေရရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ခြောက်သွေ့ရာသီ သို့ ရောက်ရှိလာပြီး နေ့အပူချိန်များ မြင့်မားလာသည်နှင့်အမျှ သောက်သုံးရေ ရှားပါးခက်ခဲမှုများကို မြန်မာနိုင်ငံ ဒေသအများ အပြားတွင် ကြုံတွေ့ကြရသည်။ ။

ချွေတာကြစို့

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့က ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိသည်။ နိုင်ငံတိုင်းတွင် အခက်အခဲကိုယ်စီ၊ စိန်ခေါ်မှုကိုယ်စီ ရင်ဆိုင်နေကြရခြင်း ဖြစ်သည့်အလျောက် လက်ရှိကြုံတွေ့နေကြရသည့် အကျပ်အတည်းများကို ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြရေးနှင့် အလျင်မြန်ဆုံး ရုန်းထွက် လွတ်မြောက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေ ကြရသည်။

ကပ်ရောဂါနှင့် လူကုန်ကူးပြဿနာ

လူကုန်ကူးမှုသည် လူအချင်းချင်း စာနာထောက်ထားမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် ရာဇဝတ်မှုဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ စီးပွားရေးနိမ့်ကျမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြရာမှဖြစ်စေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာရာမှဖြစ်စေ လူကုန်ကူးခံကြရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ရေကြီးရေလျှံသဘာဝအန္တရာယ်

ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကာကွယ်ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည်ကို နိုင်ငံတကာ သတင်းများတွင် တွေ့မြင်ရသည်။ တရုတ်နှင့် အိန္ဒိယအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသာမက ဖြစ်တောင့်ဖြစ်ခဲ့ ဥရောပနိုင်ငံအချို့တွင်ပါ ရေကြီးမြေပြိုမှုသဘာဝဘေးများ ကျရောက်ခဲ့ပြီး ပုံမှန်မဟုတ်သော ရာသီဥတုဖောက်ပြန်မှု သတင်းများကို တွေ့မြင်ကြားသိ ရခြင်းဖြစ်သည်။

မပျက်ကွက်သင့်သည့် ပြည်သူတို့၏ တာဝန်

တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသည် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ၏ လောကပါလတရားများဖြစ်ကြသည်။ ယင်းလောကပါလတရားတို့ ထွန်းကားပါမှလည်း ဒီမိုကရေစီလူ့အဖွဲ့ အစည်းမှာ အေးချမ်းသာယာဖွံ့ဖြိုးနိုင်မည်။ တစ်ဖက်တွင်လည်း လူ့ အဖွဲ့အစည်း အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုး ရန်အရေးကြီးသည်။ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့က တိုက်ရိုက်ဆက်နွှယ်နေသည်။ တရားဥပဒေစိုးမိုးလျှင် မှုခင်းကျဆင်းမည်။ တရားဥပဒေမစိုးမိုးလျှင် မှုခင်းမကျဆင်းနိုင်။

ပန်းခင်းသည့် အခွင့်အခါ

လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေကို ၅၇ သန်းခန့်ရှိပြီဟု ခန့်မှန်းထားသည်။ လူဦးရေသည် နှစ်စဉ်တိုးလာနေသည်ဟု ဆိုသော် ငြားလည်း မွေးဖွားလာသူများ၊ သေဆုံးသွားသူများနှင့် ကိန်းဂဏန်းအပြောင်းအလဲများက အချိန်တိုင်းမှာ ရှိနေသည်။ ထို့အပြင် လူဆိုသည်မှာ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းတတ် ကြသည့် သဘောအရလည်းကောင်း၊ တာဝန်အရ ဒေသ ရွှေ့ပြောင်းထမ်းဆောင်ကြရခြင်းကြောင့် လည်းကောင်း ဇာတိဒေသ သို့မဟုတ် မူလနေထိုင်ရာ နေရာတို့မှ ရွှေ့ပြောင်းကြသည်။ လူတစ်ဦးအနေဖြင့် မွေးဖွားလာချိန်တွင် မွေးစာရင်းတစ်ခုကို ရယူကာ အရွယ်ရောက်လာချိန်တွင် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုင်ဆောင်ရမည့် အသိအမှတ်ပြု ကတ်ပြားတစ်ခုခုကို ကိုင်ဆောင်ကြရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုအနေဖြင့်မူ အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုကို ထာဝစဉ်ကိုင်ဆောင်ထားကြရသည်။

အာဏာလောဘနှင့် ခြေရာလက်ရာများ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးတွေ့ရှိမှုများကို သတင်းထုတ်ပြန်လိုက်ရာ ဥပဒေနှင့် မညီညွတ်မှုများ၊ မှားယွင်းမှုများ၊ ပျက်ကွက်မှုများနှင့် ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် လွတ်လပ်သန့်ရှင်းမှု အပေါ် သံသယဖြစ်ဖွယ်ရာ အချက်အလက်များ ပေါ်ထွက်လာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၎င်း၏မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများကို သက်ဆိုင်ရာမြို့နယ် အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး များ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆီ၊ ဆီ၊ ဆီ

ယနေ့မြန်မာတို့ ဆီစားသုံးမှုများနေသည်ဟု စာရင်းဇယားများက ဆိုသည်။ များသည်ဟု ဆိုရာတွင် လူတစ်ဦးချင်းစီအတွက် ကျန်းမာရေးအရစားသုံးသင့်သည်ထက်ပို၍ များစွာစားသုံး နေကြ ခြင်းဖြစ်သည်ဟုဆိုသည်။ ကျန်းမာရေးနှင့်ညီညွတ်စေရန်အတွက် လူတစ်ဦး တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း၊ အလေး ချိန်အားဖြင့် (၁ ဒသမ ၈)ကျပ်သားနှုန်းဖြင့် တစ်လ လျှင် ၅၄ ကျပ် သားခန့်သာစားသင့်သည်ဟု ကျန်းမာရေးပညာရှင်များက အဆိုပြု ထားသည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏ လက်ရှိ ဆီစားနှုန်းမှာ လူတစ်ဦး တစ်နေ့လျှင် ၂ဒသမ ၂၅ ကျပ်သားနှုန်းဖြင့် တစ်လလျှင် ၆၈ ကျပ်သားခန့် စားသုံးနေကြကြောင်း ပြည်တွင်း ဆီထုတ်လုပ် မှုနှင့်ပြည်ပမှ ဆီတင်သွင်းမှုပမာဏများအရ တွက်ချက်ခန့်မှန်းထားသည် ကိုလည်း တွေ့ရသည်။ ။
Subscribe to မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်