Skip to main content

အဂတိကင်းစင်ရေး

အဂတိလိုက်စားသည်ဟူသည့် ကိစ္စမှာအမှန်တော့ အလွန်ဆိုးရွားလွန်းသော အပြစ်တစ်ခုဖြစ်သော်လည်း ဤနိုင်ငံ၌ မထူးခြားလှသော သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျှသာဟူသည့်အနေဖြင့် ရှိနေခဲ့သည်မှာ ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့်အတူ ရာစုနှစ်ဝက်ကျော် ဖြစ်ခဲ့ပေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးသော နိုင်ငံအဖြစ်ရောက်ခဲ့ခြင်း၊ ဆင်းရဲမွဲတေသည့် နိုင်ငံအဖြစ်သို့ တန်းဆင်းခဲ့ရခြင်းတို့၏ အကြောင်းရင်းခံတစ်ခုဟုဆိုလျှင်လည်း ရနိုင်ကောင်းမည် ဖြစ်ပါသည်။

ပြည်သူလူထုနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊ ပြည်ပကရော မျှဝေနေသည့် မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ပင်ပြောဆိုနေကြသည် ဖြစ်စေ၊ မြန်မာပြည်သူတို့က မဲရုံများသို့ သွားကာ မဲပေးကြခြင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။

တန်ဖိုးရှိရှိ မှန်မှန်ကန်ကန်

မနက်ဖြန် (နိုဝင်ဘာလ၈ရက်နေ့)တွင် ဆန္ဒမဲပေးကြရတော့မည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အချိန်မှန် ကျင်းပခြင်း၊ ဆန္ဒမဲပေးရန် အရည်အချင်းနှင့် ပြည့်စုံသူတိုင်း မိမိတို့၏ဆန္ဒနှင့်အညီ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရရှိခြင်းတို့က ဒီမိုကရေစီစံနှုန်းများတွင် အခြေခံအကျဆုံးဖြစ်သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့် ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခံခြင်းတို့က နိုင်ငံသားများ၏ မူလ အခွင့်အရေးများလည်း ဖြစ်သည်။

သတိဆက်ထား မပေါ့ဆဘဲ ညီညီညွတ်ညွတ် ရင်ဆိုင်ကြစို့

ရန်ကုန်၏ ပုံပြဇယားနှင့် ဂရပ်များက ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်း ကျလာနေသည်ကို ပြနေသည်။ သို့သော်လည်း ယင်းကို လုံးဝ အေးချမ်း သွားပြီဟု ယူဆလို့မရ။ အမှန်မှာ ဆက်လက်တိုးပွားလာနိုင် သေးသာဖြစ်၏ဟု တွက်ဆကာ သတိကြီးကြီး ဆက်ထားနေ ကြရပါဦးမည်။ ထို့ပြင် ရန်ကုန်တွင် ဂရပ်မျဉ်းက အကျဘက်သို့ ဆင်းလာနေပြီဟု ဆိုသော်လည်း မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အနည်းငယ်တက်လာနေသည်ကို သတိပြုမိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတို့ သတိကြီးကြီးထားမှုကို ဆက်လက် ထိန်းထားကြရန် လိုပါမည်။ လုံးဝပေါ့ဆလို့ မရသေးသည့် အချိန်။

လုပ်ကြံသတင်းတို့၏ အကုသိုလ်တရား

သတင်းနှင့် အချက်အလက်။ ယနေ့ခေတ်ကို သတင်းနှင့်အချက်အလက်ခေတ်ဟူ၍ သတ်မှတ် ပြောဆိုကြလေ့ရှိ၏။ လူတို့အတွက် နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ၊ သတင်းနှင့် အချက်အလက်က အရေးပါ၏။ သတင်းနှင့် အချက်အလက် ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန် မည်မျှလောက်ကို၊ မည်သူရသလဲ ဆိုသည့်ပေါ်မူတည်၍ ရှေ့တန်းသို့ရောက်သည့် ခေတ်ဖြစ်၏။ ထို့ကြောင့် လူတို့သည် သတင်းကို စိတ်ဝင်စားကြ၏။ သတင်းတစ်ခုခုဆိုလျှင် ချက်ချင်း သိလိုကြ၏။ သတင်းနှင့် ဆက်နွယ် နေသော အချက်အလက်များကို မိနစ်မဆိုင်း သိလိုကြ၏။

ဒီမိုကရေစီ ရွေးကောက်ပွဲများဟူသည်

ယနေ့ကမ္ဘာတွင် နိုင်ငံရေး အုပ်ချုပ်ရေးစနစ်ကိုပြောလျှင် ဒီမိုကရေစီ ကို ရှေ့တန်းတင်ပြောလေ့ရှိ၏။ ဒီမိုကရေစီသည် လူမှုအသိုက်အမြုံအတွက် အပြည့်စုံဆုံးစနစ်ဟု မဆိုနိုင်သော်လည်း လက်ရှိအခြေအနေ အရတွင်မူ စံပြုစရာအဖြစ်ဆုံး စနစ်တစ်ခုအဖြစ် အသိအမှတ်ပြုကြ၏။ နိုင်ငံတစ်နိုင်ငံအတွက် အမျှတဆုံး၊ နိုင်ငံသားတို့တန်းတူရေးအတွက် လက်တွေ့အကောင်အထည် ဖော်နိုင်မည့် အကောင်းဆုံး စနစ် တစ်ခုအဖြစ် သတ်မှတ်ညွှန်းဆိုကြလေ့ ရှိ၏။

ကာကွယ်ဆေးခရီးလမ်းနှင့် ကာကွယ်ရေးနည်းလမ်း

ယနေ့ ကမ္ဘာကြီးက အတုအပ ပိုမိုပေါများလာ၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းစုံ အစရှိသည့် နယ်ပယ်အသီးသီးတွင်ဖြစ်၏။ နိုင်ငံရေးသမားအတု၊ စာရေးဆရာ အတု၊ကဗျာဆရာအတု၊ အင်ဂျင်နီယာအတု၊ ပါရဂူအတု၊ ကျောင်းဆရာ အတု၊ ဆရာဝန်အတု၊ ပညာရှင်အတု၊ သူဌေးအတု စသည်ဖြင့် စုံလှ၏။ စီးပွားရေးနယ်ပယ်က အတုအပတို့ကမူ သူမတူအောင် များပြားပါ၏။

အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ

လူ့သဘာဝအရ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံရသည့်အခါ၊ စိုးရိမ်ကြောင့်ကြစရာများနှင့် ဒက်ထိ ရင်ဆိုင်ရသည့်အခါ စိတ်ရှုပ်ထွေးမှု ပူပန်မှုများ ဖြစ်ရသည်။ အထူးသဖြင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကိုယ်နိုင်နင်းစွာ ကျော်လွှားဖြတ်သန်းရန် အလွန်ခက်ခဲသည့် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါတွင် စိတ်ဓာတ်ကျကာ လက်လျှော့ငိုကြွေးခြင်း သို့မဟုတ် မဆိုင်သည့်နေရာများတွင်ပါ ပြင်းပြင်းထန်ထန် ဖောက်ခွဲ ထွက်ပေါက်ပေးခြင်း စသည့် လွဲမှားသော တုံ့ပြန်မှုမျိုး ဖြစ်လေ့ရှိသည်။

ကိုဗစ်အလွန်ကာလနှင့် ခရီးသွားလုပ်ငန်း

ကိုဗစ်ကပ်ရောဂါ၏ ကမ္ဘာကြီးပေါ်သို့ ရိုက်ခတ်မှုများတွင် ကျန်းမာရေးရာသာမက စီးပွားရေး အရ ထိခိုက်မှုကလည်း အတော်ပင် ကြီးမား၏။ စီးပွားရေးရာထိခိုက်မှုဆိုရာတွင် ကမ္ဘာနှင့်အဝန်း ဆက်စပ်ပတ်သက်နေသော ခရီးသွား လုပ်ငန်းများအပေါ် သက်ရောက်မှုက အထူးကြီးမား များပြားလှသည်ဟု ဆိုရပါမည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တစ်ခုလုံး လုံးဝရပ်ဆိုင်း သွားသကဲ့သို့ ဖြစ်ပါသည်။

အခက်အခဲများကို ညီညီညွတ်ညွတ် ရင်ဆိုင်ကျော်လွှားစို့

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြန်မာနိုင်ငံကို ဝင်လာသည်မှာ ခြောက်လရှိခဲ့ပါပြီ။ ခြောက်လ တာကာလကို လွယ်လွယ်ကူကူဖြင့် ကျော်ဖြတ်ခဲ့ရသည် မဟုတ်ပါ။
Subscribe to မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်