Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၁၄

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီးဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကိုယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပသည်။

နိုင်ငံသားအားလုံးတွင် တာဝန်ရှိ

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က မိမိနိုင်ငံကို ကာကွယ်ရန်နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း၊ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသလို နိုင်ငံသားတစ်ဦး၏ တာဝန်ကိုလည်း ကျေပွန်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပကျူးကျော်မှုကို ကာကွယ်နိုင်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ထမ်းဆောင်ရသည့်အခါ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသကဲ့သို့ ရာထူးသက်၊ လုပ်သက်များခံစားခွင့်ရရှိမည်ကို သိရှိနားလည်စေလိုကြောင်း မှာကြားသည်။

ထို့နောက် လက်ထောက်အတွင်းဝန် ဒေါ်ချိုမာမြင့်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်ကြောင်းနှင့် ဥပဒေပါသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

သတင်းစဉ်